မကွေး အောက်တိုဘာလ ၈ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်
မကွေးမြို့၊ မကွေးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ
မကွေးမြို့၊ ရန်နိုင်ရပ်ကွက် လမ်းမပေါ်၌ နှစ်လုံးထီ
လောင်းကစားပြုလုပ်သူဟု သတင်းရရှိသော မကွေးမြို့ဘက်မှ မကွေးမြို့နယ်၊ ၀ါဂွမ်းကျေးရွာ
နေ ဦးလှမြင့်၊ ၆၆ နှစ် မောင်းနှင်လာသည့် ၂၁ယ/၅၄၆၄၉ ZONG SHEIN 110 အနက်ရောင် ဆိုင်ကယ်အား
ရပ်တန့်စစ်ဆေးရာမှ ဦးလှမြင့် ၀တ်ဆင်ထားသော နီညိုရောင် စတစ် လက်ရှည် အင်္ကျီအိတ်ကပ်အတွင်းမှ
နှစ်လုံးထီလောင်းကစားပြုလုပ်သော ဖုန်း(၂) လုံး၊ လောင်ကြေးငွေ စက္ကူ ရောရာ (၁၃၇၀၀၀ိ/-)
တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
SAMSUNG GT 19082 အဖြူရောင်ဖုန်း(၁)လုံး၏ Gallery တွင်
နှစ်လုံးထီရောင်းချထားသည်ကို မှတ်သား ထားသော ဓါတ်ပုံများ၊ Message Box နှင့် Viber
တို့တွင် နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုး များ ရေးသားပေးပို့ထားသော
စာသားများပါရှိပြီး MI 5X ရွှေအိုရောင်ဖုန်း(၁)လုံးတို့အား
သိမ်းဆည်း ရမိခဲ့သဖြင့် ဦးလှမြင့် အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၅၄၃/
၂၀၁၈၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment