၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂
ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်အနီးတွင်
လူငယ်နှစ်ဦးမှ ဆိုင်ကယ်တစ်စီးအား ကာလတန်ဖိုးထက် လျော့ ၍ ရောင်းချနေကြောင်း သတင်းအရ
မကရ(မှုနှိမ်)မှ ရဲအုပ် နန်းရဲဇော် နှင့်အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ
အောင်လံမြို့၊ မကျီးကုန်းရပ်ကွက်နေ ငြိမ်းချမ်း၊ ၁၉ နှစ် နှင့် တောင်သာမြို့နယ်၊ မာလာကျေးရွာနေ
ဝဏ္ဍ၊ ၂၁ နှစ် တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ နံပါတ်မပါ CANDA125 အနက်ရောင်ဆိုင်ကယ် (ကာလတန်ဘိုး
၄၀၀၀၀၀ိ/-) နှင့်ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့်
နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ငြိမ်းချမ်းနှင့်
ဝဏ္ဍတို့(၂)ဦး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ) ၅၅၀ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ
၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, October 13, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment