၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင်
ချောက်မြို့မရဲစခန်းမှ ရဲအုပ် မြစိုးသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ်
အမှတ်(၉) ဈေးရပ်တွင် ချောက်-ညောင်ဦး သွားကားလမ်းပေါ်တွင် ဆိုင်ကယ်နှင့် လူတစ်ဦးအား
မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်မေးရာ ညောင်းဦး မြို့နယ်၊ ပခုက္ကူကျွန်းရွာနေ သိန်းထိုက်၊
၃၄ နှစ်၊ ဖြစ်ကြောင်းသိရပြီး ၎င်း လွယ်အိတ်အတွင်းမှ Huawai အနက်ရောင်၊ ဆင်းကဒ်ပါ ဖုန်းတစ်လုံး
တန်ဘိုး(၃၅၀၀၀ိ/-)၊ ဖုန်းအားသွင်းကြိုး(၁)ချောင်း၊ စတား ၀က်အူ လှည့်တစ်ချောင်း တို့အားတွေ့ရှိရပြီး
၎င်းစီးလာသည့် နံပါတ်မပါ ကန်ဘို ၁၂၅ နက်/မီးခိုးရောင် ဆိုင်ကယ် တန်ဘိုး (၅၀၀၀၀၀ိ/-) နှင့်ပတ်သက်၍
ပိုင်ဆိုင် ကြောင်း အထောက်အထား ခိုင်လုံစွာပြောဆိုနိုင် ခြင်း
မရှိသဖြင့် မေးမြန်းရာ ချောက်မြို့၊ ဘောလုံးကွင်း ဘေးရှိ လမ်းတစ်နေရာမှ သော့တန်းလန်းနှင့်တွေ့ရှိရ၍
ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သိန်းထိုက် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း
(ပ) ၃၆၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ
အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
Saturday, October 13, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment