Saturday, October 13, 2018


၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်တွင် ရက်သတ္တပတ်(Crime free Week) အစီအမံအတိုင်း ရေနံချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးလွင်နှင့်အဖွဲ့သည် သက်သေများနှင့် အတူ နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရေနံချောင်းမြို့နယ်၊ အေးကုန်းရပ်၊ မြေနီခင် တောင်ရပ်ကွက်နေ ကျော်ဇင်နိုင်(ခ) ကျော်ထူး၊ ၁၆ နှစ်သည် ရေနံချောင်းမြို့၊ မြို့မတောင်ရပ်၊ ရုံးရပ်ရှိ ရွှေဘုန်းပွင့်ဘုရား အနီး တွင် ၃၇ယ/ ၄၃၈၈ ဒါရမ်း ၁၁၀ အမျိုးအစား၊ အစိမ်းရောင်ဆိုင်ကယ်အား သော့မပါဘဲ စီးနင်းလာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက် အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင် ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ကျော်ဇင်နိုင်(ခ)ကျော်ထူး အား ရေနံချောင်းမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၄၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video