Saturday, October 6, 2018


မကွေး၊ အောက်တိုဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဆိတ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ ပတ္တမြားဈေးလမ်းဆုံတွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ အား ရောင်ပြန်စတစ်ကာများတပ်ဆင်ပေးခြင်း၊ မော်တော်ယာဉ်များတွင်` မျက်နှာချင်းဆိုင် ယာဉ်(၂)စီးဆုံ လျှင် မီးချမောင်းပါ၊ တံခါးဖွင့်လျှင် သတိထားပါ၊  ကားရပ်ဆင်းလျှင် ရှေ့/နောက် ယာဉ်ကြောရှင်းမှ ဆင်းရန်၊ ကား/ဆိုင်ကယ်များအား ရပ်တန့်မည့်ပြုပါက လမ်းဘေးချ ရပ်ရန်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်ရန်´ စသည့် အသိပညာပေးခြင်းများ၊ ယာဉ်/လမ်း စည်းကမ်း အသိပညာပေး စတေကာများနှင့် ယာဉ်အန္တရာယ်ကင်းရှင်ရေး သတိပေးကြော်ငြာ စာရွက်တို့အား  ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ပခုက္ကူမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိန်ရေး ကော်မတီ ဥက္ကဌ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ် ဦးစီးတပ်ဖွဲ့ဝင်များ၊ ပခုက္ကူခရိုင်မီးသတ်စခန်းမှူး ဦးစိန်ထွန်းပါ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်နှင့် အဖွဲ့၊ မြို့ပေါ်(၄)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့တို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video