၂၀၁၈
ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ချောက်မြို့မရဲစခန်းမှ နယ်ထိန်း
ခေါင်းဆောင် ရဲအုပ် မြစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ချောက်မြို့နယ်၊ အမှတ်(၁၄) စစ်ကွင်း မြောက်ပိုင်းရပ်ကွက်တွင်
ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းဖြင့်
မကြီး၊ ၄၂ နှစ် ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ မကြီးနှင့် တစ်ရပ်ကွက် တည်းနေ မယဉ်ယဉ်ဦး၊
၄၃ နှစ်၊ မသန်းသန်းမြင့်၊ ၅၀ နှစ်၊ မစန်းစန်းဦး၊ ၄၈ နှစ် တို့အား AAA တံဆိပ်ပါ ခဲရောင်ကွက်စိပ်ဖဲချပ်
(၁၀၈)ချပ်နှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေစက္ကူရောရာ (၅၇၆၀၀ိ/-) တို့ အား တွေ့ရှိ
သိမ်းဆည်းရမိခဲ့သဖြင့် မကြီး ပါ(၄)ဦး
တို့အား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၆၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)
အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိ ပါသည်။
Monday, October 8, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment