၂၀၁၈
ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအချိန်ထိ ပခုက္ကူမြို့၊
အမှတ် (၁၅)ရပ်ကွက်၊ မြို့မလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ဖြတ်သန်းသွားလာသော
မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များအား ရောင်ပြန်စတေကာများ တပ်ဆင်ပေးခြင်း၊
မော်တော်ယာဉ်များတွင် ``မျက်နှာ ချင်းဆိုင်
ယာဉ်(၂)စီးဆုံလျှင် မီးချမောင်းပါ၊ ယာဉ်တံခါးဖွင့်လျှင် သတိထား ဖွင့်ပါ``
စာသားပါရှိသော စတေကာများနှင့် ``အရှိန်ပြင်းပြင်းမမောင်းနဲ့၊
နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ`` စာသားပါရှိသော စတေကာများ
ကပ်ပေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်ရေး လက်ကမ်းစာစောင်များနှင့် သတိပေးကြော်ငြာစာရွက်များ
ဖြန့်ဝေပေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့
ဆောင်ရွက်ကြရာတွင် ပခုက္ကူမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိန်ရေး ကော်မတီ
ဥက္ကဌ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး အောင်နွယ်ဦး ဦးစီးတပ်ဖွဲ့ဝင်များ၊
ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ပါ မီးသတ်တပ်ဖွဲ့ဝင် များ၊
ပခုက္ကူခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး
ဒေါ်ခင်သန္တာညွန့် နှင့်အဖွဲ့၊ ပခုက္ကူ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ
ဦးအောင်မင်းကြိုင်နှင့်အဖွဲ့၊ ပခုက္ကူမြို့နယ်
ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနမှ
ဦးစီးအရာရှိ ဒေါ်ဝင်းမေနှင့်အဖွဲ့၊ ပခုက္ကူမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ
ဒေါ်ညွန့်ညွန့်ရီနှင့်အဖွဲ့၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ ဒုရဲမှူး
ကျော်ဇေယျပါ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment