၂၀၁၈
ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်
ဒုရဲအုပ် နောင်နောင်စိုး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏
လောင်းကစားဖမ်းဝရမ်းအမှတ်(၂၅/၂၀၁၈)ဖြင့် မကြီးကန်ကျေးရွာနေ ဇော်ဝင်း ၏ နေအိမ်တွင် နှစ်လုံးထီ
ရောင်းချနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ အိမ်ရှင် ဇော်ဝင်း အား မတွေ့ရှိရဘဲ ဇော်ဝင်း၏ဇနီး ဖြစ်သူ
မလှရီ၊ ၃၂ နှစ်ထံမှ နှစ်လုံးထီနှင့် ငွေတန်ဖိုးများ ရေးသား ထားသော ဘောက်ချာစာအုပ်(၁)အုပ်နှင့်
ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေစက္ကူရောရာ ၂၈၂၀၀ိ/- နှင့် ၎င်းနေအိမ်သို့ ရောက်ရှိနေသော
မကွေး မြို့နယ်၊ ရွာသစ်ကလေးကျေးရွာနေ အောင်ဇော်သန်း၊ ၂၈ နှစ်ထံမှ နှစ်လုံးထီဂဏန်းနှင့်
ငွေတန်ဖိုးများ ရေးသားထားသော စာရွက်စာတမ်းပါ ဘောက်ချာစာအုပ်(၁)အုပ်နှင့် ဆက်စပ်ပစ္စည်းများအား
တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မလှရီနှင့်
အောင်ဇော်သန်း တို့(၂)ဦးအား မကွေးမြို့နယ်၊
မကွေးနယ်မြေရဲစခန်း (ပ)၅၃၈/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။
Friday, October 5, 2018
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment