၂၀၁၈
ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ည ၁၀ နာရီခန့်တွင် ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမွန်နှင့်
အဖွဲ့သည် သက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ ပွင့်ဖြူမြို့နယ်၊
သာစည် ကျေးရွာ အနီး မုန်းချောင်းတံတားထိပ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ်
ပွင့်ဖြူမြို့ နယ်ဘက်မှ ရှောက်တောကျေးရွာဘက်သို့ မီးမဖွင့်ဘဲ မောင်းနှင်လာသော ဆိုင်ကယ်(၁)စီးအား
ရပ်တန့်စစ်ဆေးရာ ပွင့်ဖြူမြို့နယ်၊ သက်တော်ရှည်ရပ်ကွက်နေ ဇော်ဝင်းမောင်၊ ၁၇ နှစ် ဖြစ်ပြီး
၎င်း မောင်းနှင်လာသော နံပါတ် မပါ SHAYAN -110 အစိမ်းရောင်ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်
ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ ပွင့်ဖြူမြို့နယ်၊ ပွင့်မာလာပန်းခြံ
ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်အား ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရကြောင်း
သိရ သည်။
ပိုင်ရှင်အား
စုံစမ်းဆောင်ရွက်ခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာနေ ဦးးဝင်းဇော်ဟိန်း၏ ဆိုင်ကယ်
ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇော်ဝင်းမောင်အား
ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၈၈ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment