Wednesday, October 10, 2018


မကွေး အောက်တိုဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မင်းတုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်ဖြိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း မှုခင်းကင်းစင်ရေး ရက်သတ္တပတ်(Crime Free Week)ဆောင်ရွက်နေစဉ် မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်အရောက် တွင် မသင်္ကာဖွယ်လူတစ်ဦးအား စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၉၁၉)စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ခွင့်မဲ့ပျက်ကွက်နေသော တပ်သား ရဲရင့်ဦး၊ ၂၂ နှစ်၊ အမှတ်(၂)ရပ်ကွက်၊ မင်းတုန်းမြို့နေ သူဖြစ်ကြောင်း သိရှိရသဖြင့် သရက်မြို့ရှိ အမှတ်(၄၄)ခြေလျင်တပ်ရင်းသို့ ပို့ဆောင် အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video