မကွေး အောက်တိုဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ည ၉ နာရီအချိန်တွင်
ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ
ရဲအုပ် မိုးညိုသည် တွင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် သက်သေများနှင့်အတူ
မှုခင်းကင်းမဲ့ရက်သတ္တပတ်(Crime Free Week) အစီအမံအတိုင်း ယာဉ် များအား ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ်
ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၃၆၅/၇)အနီးတွင် ဂွေးပင်ဘက်မှ ရေနံချောင်း ဘက်သို့
မောင်းနှင်လာသော ရေနံချောင်းမြို့နယ်၊ တပ်ပိုးရပ်၊ သူဌေးကုန်းရပ်ကွက်နေ မောင်ဌေး၊ ၃၀
နှစ်၏ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ အရိုး/အသွား(၁၁)လက်မ၊
ဗျက်(၁)လက်မခန့်ရှိ ဓါးဦးချွန်ဓါးမြှောင်(၁)ချောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့်
မောင်ဌေးအား ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း (ပ)၆၁/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ
၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment