မကွေး အောက်တိုဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်
နတ်မောက်မြို့နယ်၊ ဆီဆုံ ကုန်းကျေးရွာနေ ကိုဇော်မြင့်သည် ၎င်း၏ညီဖြစ်သူ မိထ္ထီလာမြို့နယ်၊
မြောက်လည်အုပ်စု၊ အိုးအိုင် ကုန်းကျေးရွာနေ ကိုအောင်စိုးဝင်းထံသို့ ဖုန်းဖြင့်
ဆက်သွယ်ပြောဆိုကြစဉ် ဆီဆုံကုန်း ကျေးရွာနေ ရဲဝင်း၊ ၂၆ နှစ်မှာ နွားထီးပေါက်အပြာ(၁)ကောင်အား
မောင်းနှင်၍ ရောက်ရှိလာကြောင်း ပြောပြသိရှိရသဖြင့် စုံစမ်းမေးမြန်းခဲ့ကြောင်း
သိရသည်။
၎င်းနွားထီးပေါက်မှာ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင်
ဆီဆုံကုန်း ကျေးရွာနေ မလှဖွေး၊ ၄၉ နှစ် သည် နွားထီး(၂)ကောင်ဖြင့် နေကြာစိုက်ရန် ထွန်ကြဲနေစဉ်
လှည်းတွင် ချည်ထားခဲ့ရာမှ ပျောက်ဆုံးသွားသော နွားပေါက်စ(၁)ကောင်ဖြစ်ကြောင်း
သိရှိရသဖြင့် ရဲဝင်းအား နတ်မောက်မြို့နယ်၊
ရွှေပန်းတောနယ်မြေရဲစခန်း (ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(တ) အရ အမှုဖွင့်အရေးယူ
ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment