မကွေး အောက်တိုဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင်
ဆိပ်ဖြူမြို့မရဲစခန်းမှ ရဲအုပ် ကျော်ကျော်ဦးနှင့်အဖွဲ့သည် သက်သေ အနောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်ပါ(၂)ဦး တို့နှင့် အတူ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေ ဒေါ်ဒေါင်း၏
နေအိမ်၌ နှစ်လုံးထီလောင်းကစား ပြုလုပ်နေသူ တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ
နေအိမ်အောက်ထပ် ခုံ တန်းလျားပေါ်၌ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်ကျေးရွာနေ ဦးဟံငြိမ်း၊ ၆၀
နှစ်အား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊
TELENOR ဆင်းကဒ် ပါ အဖြူရောင်ဖုန်း(၁)လုံးနှင့် လောင်းကြေးငွေစက္ကူရောရာ (၁၃၇၁၀၀ိ/-)တို့အား
တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၈၂၄/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ
၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment