မကွေး စက်တင်ဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် တွင် တောင်တွင်းကြီးမြို့ နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ချစ်စိုးမင်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မှုခင်း ကျဆင်းရေး အတွက် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဆတ်သွား(၅)ရပ်ကွက်ရှိ ဆတ်သွား ဘူတာပေါ်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား (၅) ရပ်ကွက်နေ နေထက်လင်း၊ ၁၄နှစ်၊ (ဖ) ဦးငဇော် အား မသင်္ကာဖွယ်တွေ့ သဖြင့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ VIVO အမျိုးအစား ဆင်းကဒ်ပါ အဖြူရောင်ဖုန်း(၁)လုံး၊ ကာလတန်ဘိုး (၇၀၀၀၀ိ/-)အား တွေ့ရှိရပြီး ၎င်းဖုန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍ နေအိမ် အဆောက် အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် နေထက်လင်း အား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ) ၁၄၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment