Monday, September 10, 2018

မကွေး စက်တင်ဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၀၈၀၀ အချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအသိ ပညာပေးယာဉ် MGY/3H- 3726 အပြာရောင်(၁၀)ဘီးယာဉ်သည် ချောက်မနမှဆိမ်ဖြူ မြို့၊ အ.ထ.က (ဆိပ်ဖြူ)ကျောင်းသို့ ရောက်ရှိပြီး ၀၉၀၀ အချိန်မှ ၁၀၀၀ အချိန်ထိ အ.ထ.က(ဆိပ်ဖြူ) ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဌေးလွင် တို့နှင့်အတူ အ.ထ.က(ဆိပ်ဖြူ)ကျောင်းတွင် ဆရာ/ ဆရာမ များ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၁၅၀)ဦး ခန့်အား လည်းကောင်း၊ ၁၀၁၀ အချိန် မှ ၁၁၂၅ အချိန်ထိ ဆိပ်ဖြူမြို့၊ အနောက် ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးဒေါင့် လူစည်ကားရာနေရာနှင့် ကောင်းချွန်ဘော်ဒါ တို့တွင် ဈေးသူ/သား များနှင့်ပြည်သူ လူထု (၃၀၀)ဦး ခန့်အား လည်းကောင်း ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်း ဦးစီး(၂+၅) ဦးတို့မှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ အမှတ်(၁၅)မူးယစ် တပ်ဖွဲ့စုမှ ရဲတကက ၀င်းထွန်းပါ(၂)ဦးတို့မှ အသိပညာပေး မှတ်တမ်းဓါတ်ပုံများအား ပြသခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူ များ၊ ပြည်သူလူထုများ၊ စုစု ပေါင်းအင်အား(၄၅၀)ဦးခန့် လာရောက် ကြည့်ရှု ခဲ့ကြပြီး လာရောက် ကြည့်ရှု သူများအား သက်ငယ် မုဒိမ်း လက်ကမ်းစာစောင်(၁၅၀)စောင်၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်း စာစောင်(၁၅၀) စောင်နှင့်မူးယစ်လက်ကမ်းစာစောင် (၃၀၀)စောင်တို့အားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ 
 






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video