Monday, September 10, 2018

မကွေး စက်တင်ဘာလ ၉ ရက်
 
၂၀၁၈ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၀၇၀၀ အချိန်မှ ၁၀၃၀ အချိန်ထိ အောင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ဟန်စိန် ဦးစီး တပ်ဖွဲ့ ၀င် (၁၄+၅၀) ဦး တို့သည် အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်လံမြို့ ၊ တရော်ကုန်းရပ်ကွက်ရှိ သာသနာ့ ဗိမ္မာန်ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ အမှိုက်သရိုက်များ/ ခြုံနွယ်၊ ပိတ်ပေါင်းပင် များအား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ၁၁၀၀ နာရီအချိန်မှ ၁၂၀၀ နာရီအချိန်ထိ အောင်လံမြို့နယ်၊ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဆန်းဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွှန့်ဦး ဦးစီး တပ်ဖွဲ့ဝင်(၂+၄)ဦး တို့သည် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် အောင်လံမြို့ပြည်သူဆေးရုံ ကြီးတွင် လူနာအတွက် လိုအပ်သော (O)သွေး (၃)ပုလင်း နှင့် (B)သွေး (၁)ပုလင်းတို့အား တပ်ဖွဲ့ဝင်(၄)ဦးမှ အသီးသီးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ 



 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video