Tuesday, September 11, 2018


မကွေး စက်တင်ဘာလ ၁၀  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မကွေးမြို့နယ်၊ ခရိုင်အကူ ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ကျော်ဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်ပိတ်ဆို့ရှာဖွေစစ်ဆေးရေး တာဝန်ဆောင်ရွက်နေစဉ် အောင်မေတ္တာ(က)ရပ်ကွက်၊ (၂)လမ်းထိပ်တွင် မကွေးမြို့နယ်၊ အောင်စေတနာ (အေ)ရပ်ကွက်၊ (၆)လမ်းနေ မင်းသန့်၊ ၃၅ နှစ်၊ (ဖ) ဦးစိုးမြင့် မောင်းနှင်သော 4J/9590 Honda Fit ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်အရိုး(၆)လက်မခန့်၊ အသွား (၁)ပေ၊ ဗျက် (၀.၇၅) လက်မခန့်ရှိ ဓါးရှည်(၁)ချောင်းအား သိမ်းဆည်းရမိသဖြင့် မင်းသန့်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၂၀/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video