မကွေး စက်တင်ဘာလ ၁၀ ရက်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်း များလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညည့်ဦးပိုင်း /ညည့်နက်ပိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ် ညိုငြင်အောင်၊ စိတ် အနှောင့်ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေ စာသောက်စားသူ မကွေးမြို့နယ်၊ ကျွန်းစုကျေးရွာတွင် စိုးနိုင်၊ အင်ပင် ကန်ကျေးရွာတွင် အောင်မြင့်သိန်း၊ မကြီးစမ်း ကျေးရွာတွင် ဘိုဌေး (ခ)ဌေးအောင်နှင့် တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင်(၁) ရပ်ကွက်တွင် ဇော်ဝင်း မူးယစ်ရမ်းကားသူ(၄)တို့ အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မကွေးမြို့ နယ် တရားရုံးသို့ တရားစွဲတင်ပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။





0 comments:
Post a Comment