Tuesday, September 11, 2018


မကွေး စက်တင်ဘာလ ၁၀  ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းအပိုင် နယ်မြေအတွင်းရှိ ရွာသာကျေးရွာတွင် မင်းဘူးမြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ကျော်ငြိမ်း ဦးစီး(၁+၆)ဦး၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်တို့မှ ရဲတပ်ကြပ် မြင့်အောင်၊ သက်သေရွာသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးပါ(၂)ဦး တို့နှင့်အတူ ညဥ့်နက် လှည့်ကင်းဆောင်ရွက်နေစဉ် နတ်မောက်မြို့နယ်တရားရုံး၊ ရာဇသတ်ကြီးအမှုအမှတ် (၄၁၂/၂၀၁၈)၊ လောင်းကစားပုဒ်မ ၁၃(က)/ကျင့် ၅၁၂ အမှုမှ တရားခံပြေး မင်းဘူးမြို့နယ်၊ ရွာသာကျေးရွာနေ အောင်ကျော်စိုး ၊(၄၃)နှစ်၊ (ဖ)ဦးအေးလှိုင် သည် ၄င်းနေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၄င်းနေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံပြေး အောင်ကျော်စိုး အား ၄င်း၏ နေအိမ်၌ အသင့်တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ရာ နံနက် ၄ နာရီ ၃၅ မိနစ်အချိန် မင်းဘူးမြို့မရဲစခန်း အချုပ်တွင် ချုပ်နှောင်ထားရှိပြီး တရားခံလွှဲပြောင်းလက်ခံရန် နတ်မောက်မြို့မရဲစခန်း၊ နယ်ထိန်းထံသို့ ဆက်သွယ် အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video