Tuesday, September 11, 2018


မကွေး စက်တင်ဘာလ ၁၀  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် တောင်တွင်းကြီးမြို့၊ မောင်းတိုင် (၂) ရပ်ကွက်နေ ဦးမျိုးဇော်ဝင်း၊ ၄၁ နှစ်၊ (ဖ)ဦးမြသောင်း သည်  ကားပြုပြင်ရန်အတွက် နေအိမ်တံခါးများအား စေ့ထားလျှက်မြို့ထဲသို့မိသားစုနှင့်အတူထွက်သွားခဲ့ပြီး နေအိမ်သို့ပြန်လည် ရောက်ရှိစဉ် နေအိမ် ဧည့်ခန်း အတွင်း ထားရှိသည့်  GSN အမျိုးအစား(၂၀၀)ဗို့ ဘထရီအဟောင်း (၁) လုံး၊ ကာလတန်ဘိုး ၂၀၀၀၀၀ိ/- ခန့်၊ နေအိမ်အိပ်ခန်းအတွင်း သံသေတ္တာပေါ်တွင်ထားရှိသည့်  Citzen အမျိုးအစား အနက်ရောင် လက်ပတ် နာရီ (၁)လုံး၊ ကာလတန်ဘိုး ၁၅၀၀၀ိ/-ခန့်နှင့် နေအိမ်အောက်ထပ် တွင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထား သည့် ၀ါယာကြိုးအပိုင်းအစ(၂)ပိသာခန့်၊ ကာလတန်ဘိုး ၁၀၀၀၀ိ/-ခန့်၊ စုစုပေါင်းကာလတန်ဘိုး ၂၂၅၀၀၀ိ/- ခန့်တို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် လိုက်လံစုံစမ်းရာ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်နေ အောင်ကိုမင်း၊ ၂၅ နှစ်၊ (ဖ) ဦးခင်မောင်မြင့်နှင့် တစ်ရပ်ကွက်တည်းနေ ကိုသူ၊ ၁၅ နှစ်၊ (ဖ)ဦးလှိုင်မင်းဇော်၊ သက်သက်အောင် ၁၅ နှစ်၊ (ဖ) ဦးကိုဌေးနှင့်  ကျော်ကျော်၊ ၁၄ နှစ်၊ (ဖ) ဦးကိုဌေး တို့ (၄)ဦးမှ ခိုးယူသွားကြောင်း စုံစမ်းသိရှိ ရသဖြင့် အောင်ကိုမင်းပါ(၄)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၃၀၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အရေးယူ ဆောင်ရွက်လျက်ကြောင်း သတင်းရ ရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video