မကွေး စက်တင်ဘာလ ၁၀ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၀၈၃၀ အချိန် မှ ၁၅၀၀ အချိန်ထိ ပေါက်မြို့ နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေနှင့် ပေါက်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်မျိုး ဦးစီး (၅+၂၀)ဦး၊ မြို့နယ် မီးသတ်မှ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးစီး(၁+၄)ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဒုဦးစီးမှူး ဦးသန့်ဇော် ဦးစီး(၁+၆)ဦး၊ မကွေးတိုင်းမူးယစ် တပ်ဖွဲ့စု (၁၅)မှ ရဲတပ်ကြပ်ကြီး ၀င်းထွန်း၊ ရဲဒုတပ်ကြပ် ကျော်နိုင်လင်း တို့သည် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပေါက်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအရှေ့နှင့် အ.ထ.ကကျောင်းရှေ့ တို့တွင် အထကကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ထွန်း တို့နှင့်အတူ ဆရာ/ဆရာမ(၃၇)ဦး၊ ကျောင်းသား/သူ(၁၄၄၀)ဦး၊ ပြည်သူလူထု ကျား/ မ (၂၁၀)ဦး၊ စုစုပေါင်းအင်အား (၁၆၈၇)ဦးခန့်အား လည်းကောင်း၊ ဆက်လက်၍ ၁၅၀၀ အချိန် မှ ၂၁၁၅ အချိန်ထိ ပေါက်မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ ဦးစီး၊ ရေပြာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်ဇေယျ ဦးစီး(၃+၂၀)ဦး၊ ပြန်/ဆက် ဦးစီးမှူး ဦးစီးမှူး ဦးစောမြင့်ခိုင်၊ မကွေးတိုင်း မူးယစ်တပ်ဖွဲ့စု (၁၅)မှ ရဲတပ်ကြပ်ကြီး ၀င်းထွန်း ၊ ရဲဒုတပ်ကြပ် ကျော်နိုင်လင်း တို့သည် ပေါက်မြို့ နယ်၊ သမားတော်ကျေးရွာ အုပ်စု၊ အထက(ရေပြာ) ကျောင်းဝန်းအတွင်း လည်းကောင်း၊ စည်ပင် သာယာ ပန်းခြံရှေ့တွင် လည်းကောင်း၊ သမားတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ ရပ်/ ကျေး (စာရေး) ဦးမြင့်ထွန်းဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့ထွန်းမြင့်၊ ဆရာ/ ဆရာမ (၅၆)ဦး၊ ကျောင်း သား/သူ(၁၃၀၀)ဦး၊ ပြည်သူလူထု (၁၅၀)ဦး စုစုပေါင်းအင်အား(၁၅၀၆)ဦးခန့် လာရောက် ကြည့်ရှုခဲ့ ကြပြီး လာရောက် ကြည့်ရှုသူများအား သက်ငယ်မုဒိမ်း လက်ကမ်းစာစောင် (၃၀၀) စောင်၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လက်ကမ်းစာစောင် (၁၅၀)စောင်နှင့် မူးယစ်လက်ကမ်းစာစောင် (၁၅၀)စောင် တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။







0 comments:
Post a Comment