Wednesday, September 12, 2018


မကွေး စက်တင်ဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ပေါက်မြို့နယ်၊ လက်ပံတို ရဲကင်း စခန်းမှူး ရဲအုပ် ၀င်းစိုး၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ ပေါက်မြို့မ ရဲစခန်းမှ ဒုရဲအုပ် သိန်းဇော်ထွန်း၊ ရေပြာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ၀င်းကိုနှင့်အဖွဲ့တို့သည် သက်သေ များနှင့်အတူ သရက်ကန်/လက်ပံတို ကျေးရွာပတ်ဝန်းကျင်တွင် တရားမ၀င်ရေနံချက်ဖိုများမှ တရားခံ များအား စုံစမ်းနေစဉ် လက်ပံတိုရွာ ၏ အနောက်မြောက်(၁၀)မိုင်ခန့်ကွာ တောထဲရှိ လူသွားလမ်း ဘေး လူနေထိုင်ခြင်းမရှိသည့် တဲဟောင်းတွင် မသင်္ကာဖွယ်ရာလူ(၂)ဦးအား တွေ့ရှိသဖြင့် ရှာဖွေ စစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ နယ်၊ မန်ကျည်းစု ကျေးရွာနေ မျိုးမင်းဌေး၊ ၂၇ နှစ်၊ (ဖ)ဦးဖိုးဆယ် ထံမှ အလျား(၁)ပေခွဲခန့်၊ လုံးပတ် (၁၀)လက်မခန့်ရှိ အနက်ရောင်ဝူဖာဆောင်း ဘောက်စ်အတွင်းရှိ ဆပ်ပြာခွက်(၁) ခွက်လျှင် (၁၀)ဂရမ်ခန့်ရှိ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/၀ါရောင် အမှုန့်များထည့် ထားသောဆပ်ပြာခွက် (၁၆)ခွက်၊ (၁၆၀) ဂရမ်ခန့်၊ ၁၂၈၀၀၀၀၀ိ/-၊ ငွေစက္ကူရောရာ ၇၇၀၀၀ိ/-၊ Dayang ဆိုင်ကယ်(၁)စီး၊မြိုင်မြို့နယ်၊ ညောင်ပင်ရွာနေ လွှမ်းနိုင် (ခ) လှိုင်မြင့်ဦး၊ ၃၂နှစ်၊ (ဖ)ဦးဝင်းကြိုင်ထံမှ Tough တံဆိပ်ပါ အနက်ရောင် လွယ်အိတ်အတွင်းမှ Ruby ဆေးလိပ်ဗူးခွံဖြင့် ထည့်လျက် အပြာရောင် ပလပ်စတစ် အိတ်ဖြင့် ထည့်ထား သည့် 88/1ပါ ပန်းရောင် စိတ် ကြွဆေးပြား (၁၁၉)ပြား၊ တန်ဖိုး ၅၉၅၀၀၀ိ/-၊ ပလပ်စတစ် အိတ်ဖြင့် ထည့်လျက် ဘိန်းဖြူ ဟုယူဆရသည့် ဖြူ/၀ါ ရောင် အမှုန့်(၁)ဂရမ်၊ ၈၀၀၀၀ိ/-၊Star ပလပ်စတစ်ဗူးဖြင့် ထည့်ထားသည့် အလေးချိန် ချိန်တွယ် မရ သည့် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/၀ါ ရောင်အမှုန့် အနည်းငယ်ပါ (၁)ဗူး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အဖုံးတွင် ပိုက်တပ် Blue Mountain ဗူးခွံ(၁)ဗူး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြု သည့်ပိုက် ထည့်ထားသော ပလပ်စတစ်ဗူး(၁)ဗူး၊ ငွေစက္ကူရောရာ ၂၉၀၀၀ိ/-၊ Kenbo 125 နီနက် ကြားရောင် ဆိုင်ကယ် (၁) စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးမင်းဌေးနှင့် လွှမ်းနိုင်(ခ) လှိုင်မြင့်ဦး တို့ (၂)ဦးအား ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း မယ(ပ)၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video