မကွေး စက်တင်ဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် တံတားအ၀ိုင်းတွင်ပိတ်ဆို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ကျော်သက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပိတ်ဆို့ ရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မင်းဘူးမြို့မှ မကွေးမြို့သို့ မင်းဘူးမြို့နယ်၊ ကြာကန်ကျေးရွာနေ အောင်ငြိမ်းချမ်း၊ ၂၃နှစ်၊ (ဖ)ဦးသောင်းဝင်း မောင်းနှင်လာသည့် ၁၈ယ/၈၂၂၄၁ Super Anbo 125 အနက်ရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ အရိုးအသွား(၁၀) လက်မခန့်၊ ဗျက်(၁)လက်မခန့်၊ ဓါးဦးချွန် ဓါးမြှောင် (၁)ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သော ကြောင့် အောင်ငြိမ်းချမ်း အား မကွေးမြို့ နယ်၊ မြို့မရဲစခန်း (ပ)၁၀၉၉/၂၀၁၈၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment