မကွေး စက်တင်ဘာလ ၁၁ ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် တံတားအ၀ိုင်းတွင် ပိတ်ဆို့ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ကျော်သက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေရေး တာဝန်ဆောင်ရွက်နေစဉ် မင်းဘူးမြို့မှ မကွေးမြို့သို့ မကွေးမြို့နယ်၊ ကန်သာ ရပ်ကွက်နေ ဦးထွန်းဝင်း၊ ၅၂ နှစ်၊ (ဖ) ဦးတင်အောင် မောင်းနှင် လာသည့် 5H-6480 အဖြူရောင် (၆) ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ကား၏ ဦးခေါင်းခန်း ယာဉ်မောင်းသူထိုင်ခုံဘေးမှ အရိုးအသွား (၃)ပေ ခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးဦးချွန် ဓါးရှည်(၁)ချောင်းအား တွေ့ရှိသိမ်း ဆည်းရမိခဲ့သော ကြောင့် ဦးထွန်းဝင်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၁၀၀/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment