မကွေး စက်တင်ဘာလ ၁၃ ရက်
၂၀၁၈ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရ်ီမှ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ထိ ပခုက္ကူမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နွယ်ဦး ကြပ်မတ်၍ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး ဦးစီး (၅+၂၀)ဦး၊ မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ ရဲတပ်ကြပ်ကြီး ၀င်းထွန်းပါ (၂)ဦး တို့ သည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် သည့် UD Counter 3H/3726 မှုခင်းပညာပေးယာဉ်ဖြင့် ပခုက္ကူမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်ရှိ ပညာရေးကောလိပ်တွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းကြည်ဦးနှင့် ဆရာ/ ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၅၀)ဦး၊ ပြည်သူ လူထု(၂၂၀)ဦး၊ စုစုပေါင်း(၆၉၀)ဦးခန့် တို့အား မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး၊ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင် (၆၅၀)စောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။





0 comments:
Post a Comment