မကွေး စက်တင်ဘာလ ၁၃ ရက်
မကွေးတိုင်းဒေသကြီးအတွင်း ပြစ်မှုများကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေးများ ဖမ်းဆီးရမိရေး၊ မှုခင်းများလျော့ နည်းကျဆင်းရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (လင်းယုန်စီမံချက် ) ဖြင့် ပြေး(၄)ပြေးစုံစမ်းဖမ်းဆီးရေးအဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။
စီမံချက်ကို အကောင်အထည်ဖော်၍ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ စက်တင်ဘာ ၁၃ ရက်နေ့ည ၁၂ နာရီကျော်ခန့်က နယ်မြေ သတင်းစုံစမ်းနေစဉ် ဆတ်သွား နယ်မြေ ရဲစခန်း(ပ)၄၇/၂၀၁၈၊ တစ်လင် တစ်မယားဥပဒေပုဒ်မ (၁၃)အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ သန်းဇော်ဦး(ခ)ဖိုးချော၊ ၃၅ နှစ်၊ သီးပင် ၀ိုင်းကျေးရွာ၊ စစ်တားအုပ်စု၊ တောင်တွင်းကြီးမြို့နယ်နေသူအား ဖမ်းဆီး ရမိခဲ့သဖြင့် ဆတ်သွားနယ်မြေရဲစခန်း အမှုဖြင့် တရားစွဲတင်ပို့ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment