မကွေး
စက်တင်ဘာလ ၁၃ ရက်
မကွေးတိုင်းဒေသကြီးအတွင်း ပြစ်မှုများကျူးလွန်ပြီး
ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး များ ဖမ်းဆီးရမိရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးအတွက်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (လင်းယုန် စီမံချက်)ဖြင့် ပြေး(၄)ပြေးစုံစမ်းဖမ်းဆီးရေးအဖွဲ့ငယ်များ
ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက် လျက်ရှိပါသည်။
၁၃.၉.၂၀၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊
တောင်တွင်းကြီးမြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လင်းယုန်စီမံချက်အရ
နယ်မြေ သတင်းစုံစမ်းနေစဉ် ရွှေအိုး(၂)ရပ်ကွက်၊ ရခိုင်ဘုရားကြီးလမ်းပေါ်နှင့် ရွှေကြာအင်း(၂)
ရပ်ကွက်၊ မကွေး ကားလမ်းမပေါ်တို့တွင် မသင်္ကာဖွယ်ရာလူ(၂)ဦးအား တွေ့ရှိရသဖြင့် စစ်ဆေး မေးမြန်းရာ
တောင်တွင်းကြီး မြို့မရဲစခန်း(ပ)၁၆၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၁၄၄/၁၄၇/ ၁၅၂/၁၅၃/ကျင့်
၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေး မင်းသိန်းဌေး၊ ၂၁ နှစ်၊ (ဘ)ဦးစိန်ထွန်း၊
ရွှေအိုး(၂) ရပ်ကွက်နေ သူနှင့် သက်ပိုင်စိုး(ခ)အရှည်ကြီး၊ ၃၆ နှစ်၊ (ဘ)ဦးလှငွေ၊ ရွှေအိုး(၂)ရပ်ကွက်နေသူတို့
ဖြစ်ကြောင်း သိရှိ ရသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖြင့်
တရားစွဲတင်ပို့သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:
Post a Comment