မကွေး
စက်တင်ဘာလ ၁၃ ရက်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်းများလျော့နည်းကျဆင်းရေး
အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညည့်ဦးပိုင်း/ညည့်နက်ပိုင်း
စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ်
ငြိုငြင်အောင်၊ စိတ်အနှောင့် ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာသောက်စား နေသူ မကွေးမြို့နယ်၊ မြင်သာ ရပ်ကွက်နေ သက်နိုင်စိုး၊ မကွေးမြို့နယ်၊ မြင်ကင်းကျေးရွာနေ
ခင်မောင်ဝင်း၊ တောင်တွင်းကြီးမြို့နယ်၊
ရွှေအိုး (၁)ရပ်ကွက်နေ ဇော်ဝင်းထက်၊ တောင်တွင်းကြီးမြို့နယ်၊
ကျောက်တောင်းကျေးရွာနေ ၀င်းဌေး၊ တောင်တွင်းကြီးမြို့နယ်၊ တောစိမ်းကျေးရွာနေ တင်စိုး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေကြာအင်း(၂) ရပ်ကွက်နေ
မင်းထက်ကျော်၊ တောင်တွင်းကြီးမြို့နယ်၊
ရွှေကြာအင်း(၂)ရပ်ကွက်နေ အာကာဖြိုး၊ တောင်တွင်းကြီးမြို့နယ်၊
အုန်းတော(၁)ရပ်ကွက်နေ ဝေဖြိုးဇော်၊ တောင်တွင်းကြီးမြို့နယ်၊
တောင်ပြင် ရပ်ကွက်နေ ၀င်းထူးအောင်(ခ)ဖိုးခွား
တို့ စုစုပေါင်း(၉) ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မကွေးမြို့နယ် တရားရုံးသို့တရားစွဲတင်ပို့သွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။







0 comments:
Post a Comment