Saturday, September 15, 2018



မကွေး စက်တင်ဘာလ ၁၄  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညည့်ဦးပိုင်း/ညည့်နက်ပိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ် ညိုငြင်အောင်၊ စိတ်အနှောင့် ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာသောက်စားသူ မကွေးမြို့နယ်၊ ရန်ကင်းရပ်နေ သိန်းထိုက်၊ ၃၉ နှစ်၊ မကွေးမြို့နယ်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်နေ မျိုးမင်းအောင်၊ ၃၅ နှစ်၊ မကွေးမြို့နယ်၊ အေးမြသာယာရပ်နေ  ပြည့်ဖြိုးလွင်(ခ)ပြည့်ဖြိုး၊ ၂၆ နှစ်၊ မကွေးမြို့နယ်၊ အေးမြသာယာရပ်နေ အောင်ဇေယျ၊ ၂၆ နှစ် တို့(၄)ဦးအား မူးယစ်ရမ်းကား နေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး  မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video