မကွေး စက်တင်ဘာလ ၁၄ ရက်
မကွေးတိုင်းဒေသကြီးအတွင်း ပြစ်မှုများကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေးများ ဖမ်းဆီး ရမိရေး၊ မှုခင်းများလျော့ နည်းကျဆင်းရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (လင်းယုန်စီမံချက် ) ဖြင့် ပြေး (၄)ပြေးစုံစမ်းဖမ်းဆီးရေးအဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါ သည်။
စီမံချက်ကို အကောင်အထည်ဖော်၍ မင်းဘူးခရိုင်၊ မင်းဘူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေ များနှင့်အတူ နယ်မြေသတင်း စုံစမ်းနေစဉ် မင်းဘူးမြို့မရဲစခန်း (ပ)၈၆၄/၂၀၁၇၊ လောင်းကစား ဥပဒေပုဒ်မ ၁၂(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ မင်းသူ (ခ) စိုးမင်းသူ၊ ၂၈ နှစ်၊ စက္ကိန္တဲ(အနောက်)ရပ်၊ အမှတ်(၁)ရပ်ကွက်၊ မင်းဘူးမြို့နေသူနှင့် ဒါဇင်အောင်(ခ) ထိန်းလင်းအောင်၊ ၃၀ နှစ်၊ စက္ကိန္တဲ (အရှေ့)ရပ်၊ အမှတ်(၁)ရပ်ကွက်၊ မင်းဘူးမြို့နေသူတို့(၂)ဦးအား ဖမ်းဆီး ရမိခဲ့သဖြင့် မင်းဘူးမြို့မရဲစခန်းအမှုဖြင့် တရားစွဲတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။



0 comments:
Post a Comment