မကွေး စက်တင်ဘာလ ၁၄ ရက်
၂၀၁၈ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ကံမ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်ကျော် ဦးစီးတပ်ဖွဲ့ဝင် (၂+၂၀)ဦးတို့သည် အောက်တိုဘာလ(၁)ရက် နေ့တွင် ကျရောက်မည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကံမမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ရဲတပ်သား ရဲမင်းသူ၊ ရဲတပ်သား ခင်သီတာတို့မှ (B)သွေး(၂)ပုလင်းအား ကံမမြို့နယ်-ဆရာဝန်ကြီး ဒေါက်တာ အေးအေးလင်းထံ လှူဒါန်းဆောင်ရွက်မှုများပြုလုပ် ခဲ့ကြောင်းသတင်း ရရှိပါသည်။






0 comments:
Post a Comment