မကွေး
စက်တင်ဘာလ ၁၂ ရက်
၂၀၁၈ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂၀၀
အချိန်မှ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ထိ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်ဖေ ဦးစီးတပ်ဖွဲ့ဝင်(၁၀+၃၀)ဦးတို့သည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့်မှုခင်းလျော့နည်းကျဆင်းရေး၊
တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်သည့် UD Counter 3H/3726 (၁၀)ဘီး
ရွေ့လျားအသိပညာပေးယာဉ်နှင့်အတူ ရေစကြိုမြို့နယ်၊ ကုက္ကိုစု ကျေးရွာ အုပ်စု၊
ကုက္ကိုစုကျေးရွာ (အ.ထ.က) ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စောစောနွယ် ၊
ကုက္ကိုစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းကိုတို့နှင့်အတူ ရေစကြိုမြို့၊
ကုက္ကိုစုကျေးရွာ (အ.ထ.က) ကျောင်းတွင် ဆရာ/ ဆရာမ(၁၉)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး၊
ကျေးရွာသူ/ရွာသား(၇၀) ဦး၊ စုစုပေါင်းအင်အား (၃၅၀)ဦး တို့အား မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်ဖေမှ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ မှုခင်း ကျဆင်းရေး လက်ကမ်းစာစောင် (၃၅၀)စောင်
ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက် ခဲ့ပြီး ဆက်လက်၍ ပခုက္ကူ ခရိုင်၊ တောင်ဦးကျေးရွာရှိ
အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိလာပြီး ညနေ ၄ နာရီ ၃၅ မိနစ် အချိန်မှ ညနေ ၆
နာရီ ၃၀ အချိန်အထိ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်မာရီပါ ဆရာ/ဆရာမ(၂၁)ဦး၊ ကျောင်းသား/သူ(၅၇၉)ဦး၊
ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်ရွှေနှင့် ကျေးရွာသူ/သားများ(၂၀၀)ဦး၊
စုစုပေါင်း (၈၀၀)ဦးတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေမှ
မှုခင်းအသိပညာပေးဟောပြောခြင်း၊
မှုခင်းကျဆင်းရေး လက်ကမ်းစာစောင်(၆၅၀) စောင်
ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။












0 comments:
Post a Comment