မကွေး
စက်တင်ဘာလ ၁၂ ရက်
၂၀၁၈ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀၀၀
အချိန်မှ ၁၁၃၀ အချိန်ထိ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ မြို့မရဲစခန်းမှူး
ဒုရဲမှူး ခင်မောင်လွင် ဦးစီး(၁+၁)ဦးတို့သည် ထီးလင်းမြို့နယ်၊ ပဇင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ပါ ဒေသခံပြည်သူ (၄၀)ဦးခန့်အား လောင်းကစားမှု၊
မူးယစ်ဆေးဝါးသုံးစွဲ/ရောင်းချမှုမရှိစေရေး၊ ယစ်မျိုးလိုင်စင်မဲ့ ရောင်း ချခြင်း မရှိစေရေး၊
သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေရေး၊ လူကုန်ကူးမှုမဖြစ်ပွားစေရေး၊ အရွယ် မရောက်သေးသည့်
ကလေးသူငယ်များ ဆိုင်ကယ်စီးနင်မောင်းနှင်ခြင်းများမရှိစေရေး၊ မော်တော်
ယာဉ်/ဆိုင်ကယ်များ စီးနင်းမောင်းနှင်ရာတွင် သတ်မှတ်ယာဉ်/ယာဉ်မောင်းလိုင်စင်များ
ပြည့်စုံစွာပါရှိ ရေး၊ လိုင်စင်မဲ့ယာဉ်များ စီးမနင်းမှုမရှိစေရေး၊
လတ်တလောဖြစ်ပွားလျက်ရှိသည့် ဆိုင်ကယ် မတော် တဆမှုများတွင်
ညအချိန်မီး မပါဘဲစီးနင်းခြင်း၊ ရောင်ပြန်များတပ်ဆင်ထားမှုမရှိခြင်းများကြောင့်
အများဆုံးဖြစ်ပွားလျက်ရှိသဖြင့်
ဆိုင်ကယ်စီးဦးထုပ်နှင့်ဆိုင်ကယ်နောက်ပိုင်းတို့တွင် ရောင်ပြန် စတေကာများ
တပ်ဆင်စီး နင်းမောင်းနှင်ကြ ရန် စသည့်ယာဉ်/လမ်း စည်းကမ်းဆိုင်ရာ အသိပညာပေး
ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:
Post a Comment