Thursday, September 13, 2018



မကွေး စက်တင်ဘာလ ၁၂  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညည့်ဦးပိုင်း/ညည့်နက်ပိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ် ညိုငြင်အောင်၊ စိတ်အနှောင့် ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာသောက်စား နေသူ မကွေးမြို့နယ်၊ မြင်သာရပ် ကွက်နေ စိုင်းချစ်အောင်၊ မကွေးမြို့နယ်၊ ဒေါင်းကျေးရွာနေ ချမ်းငြိမ်းကို၊ မကွေးမြို့နယ်၊ ဆားရွှေကင်း ရပ်ကွက်နေ ဝေဖြိုးအောင်၊ မင်းလှမြို့နယ်၊ ဒဟတ်ပင် ရေနံမှော်နေ ဇင်လင်းနိုင်၊ မင်းလှမြို့နယ်၊ ဘူတာရုံရပ်နေ ဇော်မျိုးဝေ၊ မင်းလှမြို့နယ်နေ မိုးနိုင်တို့ (၆) ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး  မကွေးမြို့နယ် တရားရုံးသို့တရားစွဲတင်ပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video