Thursday, September 13, 2018



မကွေး စက်တင်ဘာလ ၁၂  ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ချစ်စိုးမင်းဦးစီး(၁+၃)ဦးသည် လင်းယုန်စီမံချက်အရ နယ်မြေ သတင်းစုံစမ်းရန် ကင်ပွန်းတောင်အုပ်စု၊ မြေလမ်းခွဲကျေးရွာသို့ ရောက်ရှိစဉ် ၄င်းရွာထိပ်တွင် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိ၍စစ်မေးရာ ၄င်းမှာခမရ(၄၁၉) သာစည်မြို့တွင် တာဝန် ထမ်းဆောင်ပြီး မိတ္ထီလာမြို့၊ အမှတ်(၉၉)တပ်မ၌ လက်နက်ငယ်သင်တန်း တက်ရောက်နေစဉ် စက်တင်ဘာလ  ၆ ရက်နေ့တွင် သင်တန်းတက်ရောက်ရာမှ အကြောင်းမဲ့ပျက်ကွက်လာသည့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ အမှတ် (၂) အောင်နီလာရပ်ကွက်နေ ကပအမှတ်တ ၅၃၉၅၁၅ တသ ရဲလင်းအောင်၊ ၂၅နှစ်၊ (ဘ)ဦးသိန်းထွန်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၁၉၃၀အချိန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တောင်တွင်းကြီးမြို့ရှိ အမှတ်(၁၀၃)တပ်ရင်းသို့ ပို့အပ်ရန်စီစဉ်ထားရှိပါကြောင်း သတင်း ရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video