Thursday, September 13, 2018



မကွေး စက်တင်ဘာလ ၁၂  ရက်
    မကွေးတိုင်းဒေသကြီးအတွင်း ပြစ်မှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး များ ဖမ်းဆီးရမိရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လင်းယုန် စီမံချက်ဖြင့် ပြေး(၄)ပြေးစုံစမ်းဖမ်းဆီးရေးအဖွဲ့ငယ်များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်လျက် ရှိပါသည်။ ဖမ်းဆီးရေးအဖွဲ့ငယ်များမှ မိမိမြို့နယ်၊ ရဲစခန်းများအပိုင်အလိုက် ပြေး(၄)ပြေးလက်ကျန် မရှိစေရေး စုံစမ်းဆောင်ရွက်ခဲ့ကြရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ခရိုင်မှု/နှိမ်ဌာနစိတ်မှ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့သည် မြို့သစ် မြို့နယ်အတွင်း သတင်း စုံစမ်းနေစဉ် မြို့သစ်မြို့နယ်၊ ပုလင်းကျေးရွာဘုန်းကြီးကျောင်းတွင် ဆတ်သွားနယ်မြေ ရဲစခန်း (ပ)၁၄၆/၂၀၁၆၊ ပပက၆(၁)အမှုမှ တရားခံပြေး မြို့သစ်မြို့နယ်၊ ပုလင်း ကျေးရွာနေ သန့်ဇင်ဦး၊ ၃၅ နှစ်၊ (ဖ) ဦးစိန်အောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တရားခံအား ထိန်းသိမ်းခေါ်ဆောင်လာခဲ့ပြီး ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့မှ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်ေးအာင်ကျော် ထံ ၁၀၃၀ အချိန်လွှဲပြောင်းအပ်နှံခဲ့သဖြင့် ၁၀၃၅ အချိန် ဆတ်သွားနယ်မြေ ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရှိပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video