Wednesday, September 12, 2018


မကွေး စက်တင်ဘာလ ၁၂ ရက်
၂၀၁၈ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် မင်းဘူးမန၊ အမှတ်(၂) ရပ်ကွက်ရှိ မင်းဘူး ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၄)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရရမှူး ဒုရဲမှူးကြီး ညီဝင်းမှ ဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားသို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ခိုင်နှင့်ကျမ်းမာရေးဝန်ထမ်းများ(၂၀)ဦး၊ မနရမှူး ရဲမှူး ၀င်းထိန် ဦးစီး (၂+၂) ဦး၊ မမစမှူး ဒုရဲမှူး မြင့်ဇော် ဦးစီး(၁+၃)ဦး၊ ခရိုင်/မနများမှ သွေး လှူဒါန်း သည့်တပ်ဖွဲ့ဝင် (၂+၃၅) ဦးတို့ အသီးသီးမှ သွေး လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 



 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video