Wednesday, September 12, 2018


မကွေး စက်တင်ဘာလ ၁၁ ရက်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မှ ညနေ ၄ နာရီအချိန်ထိ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မယ်ဘေ့ ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်း၊ ကျောင်းအုပ်ဆရာကြီး ဒေါ်ချမ်းမြအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၇၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းမှ မှုခင်းလျော့နည်းကျဆင်းရေး ပြစ်မှု/ ပြစ်ဒဏ်များ၊ ဆောင်ရန်/ ရှောင်ရန်နှင့် ယာဉ်/လမ်းစည်းကမ်းအသိပညာပေးခြင်း တို့အား Power Point ဖြင့် ရှင်းလင်းဟောပြောခြင်း၊ မင်းဘူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်မှ သက်ငယ်မုဒိမ်းမှုများလျော့နည်း ကျဆင်းရေး ကြိုတင်ကာကွယ်ရမည့် အချက်များအား Power Point ဖြင့် အသိ ပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပြီး မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်(၇၀၀)စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ 



 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video