Wednesday, September 19, 2018



မကွေး စက်တင်ဘာလ ၁၇ ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ခလရ-၄၄ ၀န်းနေ ကိုသန်းမျိုးကျော်၊ ၂၀နှစ်၊ အင်းဝဘဏ်လုံခြုံရေးဝန်ထမ်း၊ (ဖ)ဦကျော်စိုးသည် အင်းဝဘဏ်ရှေ့ လုံခြုံရေးကင်းတဲတွင် ၎င်းပိုင်(၀၉-၄၄၁၈၅၀၀၈၄ နှင့် ၀၉- ၉၇၇၂၆၈၈၀၃) ဆင်းကဒ်များပါ SAMSUNG Galaxy J7 Core အနက်ရောင် ဟန်းဖုန်း (ကာလတန်ဖိုး ၂၄၀၀၀၀ိ/-)အား ပေါင်ပေါ်တွင်တင်ကာ ထိုင်လျှက် သီချင်းနားထောင်နေစဉ် မျက်လုံးပိတ်ထားခဲ့ပြီး ခေတ္တ အိပ်ငိုက်သွားရာ အကျီင်္မပါ၊ ပုဆိုးဝတ်ဆင်ထားသော အမည်မသိ လူ တစ်ဦးမှ ကိုသန်းမျိုးကျော်၏ ဖုန်း နားကြပ်ကြိုးအား လက်ကိုင်ဖုန်းမှ ဆွဲဖြုတ်ကာ ပေါင်ပေါ်ရှိဟန်းဖုန်း အားဆွဲယူပြီး ကုန်သည်လမ်းအတိုင်း အရှေ့ဘက်သို့ ခြေလျင်ထွက်ပြေးသွားသည်ကို တွေ့မြင်ရ သဖြင့် နောက်မှလိုက်ခဲ့ရာ ကမ်းနားလမ်း ဘက်သို့ ချိုးကွေ့ပြီး ပျောက်ကွယ်သွား၍ လိုက်လံရှာဖွေ သော်လည်း မတွေ့ရှိရ၍ ၁၈.၉.၂၀၁၈ ရက်နေ့ ၁၅၃၀ အချိန် ကိုသန်းမျိုးကျော်မှ လက်ကိုင်ဖုန်း လုယူထွက်ပြေးသွားသူအား စုံစမ်းဖော်ထုတ် အရေး ယူပေးရန် တိုင်တန်းသဖြင့် သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၄၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သူရအောင် မှ စစ်ဆေးစေခဲ့ရာ ဒုရဲအုပ် သူရအောင်နှင့်အဖွဲ့သည် အခင်းဖြစ် ရပ်သို့ သွားရောက်ကြည့်ရှုပြီး အနီး ပတ်ဝန်းကျင်နှင့် "တက်လမ်း" လက်ဖက်ရည်ဆိုင်တို့တွင် စုံစမ်းခဲ့ရာ သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်နေ ဌေးကြိုင်၊ ၄၁ နှစ်၊ မုန့်အကြော်ဆရာ၊ (ဖ) ဦးသန်းအောင်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ကိုသန်းမျိုးကျော်၏ ဟန်းဖုန်းအား ဖြုတ်ယူထွက်ပြေး၍ ဟန်း ဖုန်းအား ဧရာဝတီမြစ်ကမ်းဘေး ကျူတောအတွင်း၌ ၀ှက်သိမ်းထားကြောင်း စစ်ဆေးသိရှိရ၍  ဌေးကြိုင် အား  ၁၈.၉.၂၀၁၈ ရက်နေ့ ၁၆၄၅ အချိန် ရာဇသတ်ကြီးပုဒ်မ (၃၈၂) အမှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video