Wednesday, September 19, 2018



မကွေး စက်တင်ဘာလ ၁၈  ရက်
    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီအချိန်တွင် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွှန့်ဦးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ တာဂွလမ်း ဆုံတွင် ယာဉ်များအား ပိတ်ဆို့ရှာဖွေစစ်ဆေးရေး ဆောင်ရွက်နေစဉ် အောင်လံမြို့နယ်၊ ဈေးကုန်း ရပ်ကွက်နေ သက်လင်းဦး၊ ၃၂နှစ်၊ (ဖ) ဦးခင်မောင်ဝင်း မောင်းနှင်လာသည့် နံပါတ်မပါ HONDA Dream -110 ကျောက် စိမ်းရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ အရိုးအသွား(၁၁) လက်မခန့်ရှိ သံရိုးတစ်ဆက်တည်း အထစ်များပါ ဓါးဦးချွန် (၁) ချောင်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့၍ သက်လင်းဦး အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း(ပ) ၉၆၃/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။  

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video