မကွေး စက်တင်ဘာလ ၁၈
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈
ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မှုခင်းကြိုတင်ကာကွယ်ရေး
နှင့် မှုခင်းလျော့နည်းကျဆင်းရေး၊ တရားဥဒေစိုးမိုးရေးအတွက်ဆောင်ရွက်သည့်"လင်းယုန်စီမံချက်
" ဖြင့် မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ မြို့လယ်လမ်းဆုံအနီးရှိ
တောင်တွင်းကြီး-မကွေး ကားလမ်း၊ ဗိုလ်ချုပ်ပန်းခြံတောင်ဘက်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး
နှိမ်နင်းရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးUD Counter
3H-3726 (၁၀)ဘီးရွေ့လျားယာဉ်ဖြင့် ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စောကြိုင်၊ မြို့မရဲစခန်းမှူး
ဒုရဲမှူး သိန်းထွန်း နှင့် ဒုမြို့နယ်ဥပဒေအရာရှိ ဦးစောလင်းအောင်တို့မှ ကြီးကြပ်၍ လာရောက်ကြည့်ရှုသူ
ပြည်သူ(၁၅၀) ဦးခန့်နှင့် အခြေခံညာ အလယ်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/သူ(၂၀၀)ဦးခန့်တို့အား
ယာဉ် ပေါ်တွင်ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး၊ မှုခင်းကျဆင်းရေး၊
ယာဉ်/ လမ်းစည်းကမ်းဆိုင်ရာများနှင့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များအား အသိပညာပေးရှင်းလင်း
ပြောကြားခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်(၃၅၀)စောင်တို့အား ဖြန့်ဝေပေးခဲ့ပါကြောင်း
သတင်းရရှိပါသည်။




0 comments:
Post a Comment