မကွေး စက်တင်ဘာလ ၁၈
ရက်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မကွေးမြို့ပေါ်တွင်
မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား
ညဉ့်ဦးပိုင်း/ညဉ့်နက်ပိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့်
နေရာများတွင် အများပြည်သူစိတ် ငြိုငြင်အောင်၊ စိတ် အနှောင့်ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင်
အရက်သေစာသောက်စားသူ မကွေးမြို့နယ်၊ မြင်သာ ရပ်ကွက်နေ
ဇော်ထက်အောင်၊
၂၄ နှစ်၊ မကွေးမြို့နယ်၊ အောင်မေတ္တာ(အေ) ရပ်ကွက်နေ ငြိမ်းကျော် (ခ) ထက်ရှိုင်း၊ ၂၅ နှစ်တို့(၂)ဦး အား မူးယစ်ရမ်းကားနေသည်ကို
တွေ့ရှိဖမ်းဆီး ရမိခဲ့ပြီး မကွေးမြို့နယ် တရားရုံးသို့
တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



0 comments:
Post a Comment