Thursday, September 20, 2018



မကွေး စက်တင်ဘာလ ၁၉  ရက်
    ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ မကွေးမြို့ပေါ်တွင် မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ညဉ့်ဦးပိုင်း/ညဉ့်နက်ပိုင်း စဉ်ဆက် မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့် နေရာများတွင် အများပြည်သူစိတ် ငြိုငြင်အောင်၊ စိတ် အနှောင့်ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင် အရက်သေစာသောက်စားသူ မကွေးမြို့နယ်၊ သိင်္ဂါ ရပ်ကွက်နေ  အေးမင်းစိုး၊ ၃၄ နှစ်၊ တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာနေ ကိုကိုနိုင်၊ ၃၀နှစ်တို့(၂)ဦးအား မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး  မကွေးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video