မကွေး စက်တင်ဘာလ ၁၉
ရက်
၂၀၁၈ ခုနှစ်၊
စက်တင်ဘာလ ၁၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် သရက်မြို့မရဲစခန်းမှူး ဒုရဲမှူး ရန်နိုင်ထွန်းနှင့်အဖွဲ့သည်
သက်သေများနှင့်အတူ သရက်-ကံမကားလမ်းနှင့် ဗောဓိလမ်းပေါ်တွင် ယာဉ်ပိတ် ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ
ထုံးတောင်ကျေးရွာအုပ်စုဘက်မှ သရက်မြို့တွင်းသို့ သရက်မြို့နယ်၊ ထုံးတောင် ကျေးရွာနေ မျိုးကို၊ ၂၅နှစ် မောင်းနှင်လာသော
၄၈ယ/၇၀၀၂၄ KENBO 110 အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ
အရိုး(၄)လက်မခန့်၊ အသွား (၆)လက်မခန့်ရှိ သုံးမြှောင့်ချွန် (စကေဘာ) (၁)ချောင်းအား ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့၍
မျိုးကိုအား သရက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၄၆၃/၂၀၁၈၊
လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment