Thursday, September 20, 2018



မကွေး စက်တင်ဘာလ ၁၉  ရက်
     ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့  နံနက် ၉ နာရီခွဲခန့်မှ နေ့လည် ၁၁ နာရီခွဲခန့်အထိ မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မိုးလွင်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းနိုင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ရွှေစိန်၊ ဒန့်သလွန်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်တင်ပါ တပ်ဖွဲ့ဝင်(၉+၁၁)ဦး၊ အမှတ် (၁၅)မူးယစ်တပ်ဖွဲ့ခွဲ(မကွေး)မှ ရဲတပ်ကြပ်ကြီး စိုးညွန့်အောင် တို့အဖွဲ့သည်  မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး UD Counter 3H-3726 (၁၀)ဘီးရွေ့လျားယာဉ်ဖြင့် မြို့သစ်မြို့နယ်၊  စည်ပင်သာယာဈေးအရှေ့တွင် လာရောက် ကြည့်ရှုသူ ပြည်သူ(၃၀၀) ဦးခန့်တို့အားလည်းကောင်း နေ့လည် ၁ နာရီမှ ညနေ ၃ နာရီ ခန့်အထိ မြို့သစ်မြို့နယ်၊ မြို့မအလယ်တန်းကျောင်းရှေ့တွင် ကျောင်းအုပ်ဆရာကြီး ဦးဇော်နိုင်ထွန်း ပါ ဆရာ/ ဆရာမ(၁၂)ဦး၊ ကျောင်းသား/သူ(၂၀၀)ဦးခန့်တို့အားလည်းကောင်း ယာဉ်ပေါ်တွင်ပြသ ထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများနှင့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များအား အသိပညာပေးရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်(၄၀၀)စောင်တို့အား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။  












0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video