မကွေး စက်တင်ဘာလ ၂၀
ရက်
၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ မကွေးမြို့ပေါ်တွင်
မှုခင်းများလျော့နည်းကျဆင်းရေး အတွက် လင်းယုန်စီမံချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်း/ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား
ညဉ့်ဦးပိုင်း/ညဉ့်နက်ပိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အများပြည်သူဝင်/ထွက်သွားလာသည့်
နေရာများတွင် အများပြည်သူစိတ် ငြိုငြင်အောင်၊ စိတ်အနှောင့် ယှက်ဖြစ်အောင်၊ စိတ်ဒုက္ခရောက်အောင်
အရက်သေစာသောက်စားသူ တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၂)ရပ်ကွက်နေ လှမြိုင်၊
၄၄ နှစ် အား မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မကွေး မြို့နယ် တရားရုံးသို့တရားစွဲတင်ပို့
သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment