မကွေး စက်တင်ဘာလ ၂၀
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီ
၅၀ မိနစ်အချိန်တွင် ပခုက္ကူမြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် သိန်းဌေး
နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့ပေါ် ရပ်ကွက် များအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ်
အမှတ်(၁၀)ရပ်ကွက်၊ ကျောင်းတော်ရာ လမ်းအရောက်၌ ပခုက္ကူမြို့နယ်၊ အောင်သုခလမ်း၊ အမှတ်(၁၃)ရပ်ကွက်နေ
မောင်မောင်စိုး(ခ) ကြေးစည်၊ ၂၈နှစ် သည် အများပြည်သူ ထိတ်လန့်စေရန် အရိုးအသွား(၂၇)လက်မခန့်ရှိ
ဓါးဦးချွန် ဓါးရှည်(၁)ချောင်းအား ကိုင်ဆောင် ၍ ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် မောင်မောင်စိုး(ခ) ကြေးစည် အား ပခုက္ကူမြို့နယ်၊
မြို့မရဲစခန်း (ပ)၄၆၀၉/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်း ရရှိပါသည်။
0 comments:
Post a Comment