မကွေး စက်တင်ဘာလ ၂၀
ရက်
၂၀၁၈ ခုနှစ်၊
စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ မြို့မ အိုးဘို ရပ်ကွက်၊
ဧရာဝတီတံတားအ၀ိုင်းပတ်တွင် ဒုရဲအုပ် ကျော်သက် နှင့်အဖွဲ့သည် သက်သေများ နှင့်အတူ ပိတ် ဆို့ရှာဖွေဆောင်ရွက်နေစဉ်
မင်းဘူးမြို့ဘက်မှ မကွေးမြို့ဘက်သို့ မင်းလှမြို့နယ်၊ စောက်ညောင်ကျေး ရွာနေ ဇော်လင်း၊
၁၉ နှစ် မောင်းနှင် လာသည့် ၃၄ယ/၂၈၄၂၄ စူပါအမ်ဘို
၁၂၅ အနက်ရောင် ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသူ မင်းဘူး
မြို့နယ်၊ အမှတ်(၂) ရပ်ကွက်နေ မျိုးချစ်သူ၊ ၂၁ နှစ် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အရိုး(၄)
လက်မခန့်၊ အသွား(၇) လက်မခန့်၊ ဗျက်(၁)လက်မခန့်ရှိ ဓါးအိမ်တပ်လျက် ဓါးဦးချွန်ဓါးမြှောင်(၁)
ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မျိုးချစ်သူအား
မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၅၃/ ၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment