မကွေး စက်တင်ဘာလ ၂၀
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန်တွင်
တောင်တွင်းကြီးမြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည်
နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ အုန်းတော(၁)ရပ်ကွက်၊ ရာအိမ်မှူး
ဦးညိုလုံး၊ တောင်ပြင် (၁) ရပ်ကွက်၊ ရာအိမ်မှူး ဦးစိုးဝင်းတို့နှင့်အတူ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁)ရပ်ကွက်နေ ဒေါ်ညို၊
၄၄နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဒေါ်ညိုနှင့်အတူ တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင် (၁) ရပ်ကွက်နေ
မြင့်စိုး၊ ၅၇နှစ် တို့(၂)ဦးအား နှစ်လုံးထီလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး
နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်း ဆက်စပ်ပစ္စည်း များနှင့်
လောင်းကြေးငွေစက္ကူရောရာ ၁၀၇၈၀၀ိ/-တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိ သဖြင့် ဒေါ်ညိုနှင့်မြင့်စိုးတို့ (၂)ဦးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄၄/၂၀၁၈၊
လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
0 comments:
Post a Comment