မကွေး စက်တင်ဘာလ ၂၂
ရက်
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၅၀
မိနစ်အချိန်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးညွန့်
နှင့်အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တောင်တွင်းကြီးဘက်မှ
အောင်လံဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ချောင်းနားစုကျေးရွာနေ
သန့်ဇင်စိုး၊ ၂၈နှစ်၊ (ဖ)ဦးအောင်မြင့်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊
ဗိုလ်ရုံစုကျေးရွာနေ သွင်ဦးကျော်၊ ၂၅နှစ်၊ (ဖ) ဦးမြင့်ရှိန် နှင့် တစ်ရွာတည်း နေ
ဇော်ကြီး၊ ၄၁နှစ်၊ (ဖ)ဦးရွှေသိန်း၊ အေးရွှေ၊ ၄၈နှစ်၊ (ဖ) ဦးအေးမောင်၊ ပဲခူးတိုင်းဒေသကြီး၊
ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကုန်းကျေးရွာနေ အောင်ချိုသက်၊ ၂၅နှစ်၊ (ဖ)ဦးသိန်းဌေး၊
ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့နယ်၊ မြောက် လွတ်ကုန်းကျေးရွာနေ စိုးထက်အောင်၊ ၂၉နှစ်၊
(ဖ) ဦးဌေးလှိုင်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကျေးရွာနေ အောင်ကြည်၊
၄၁ နှစ်၊ (ဖ) ဦးဖိုးကြည် နှင့် တစ်ရွာတည်းနေ ထွန်းသိန်း၊ ၅၅နှစ်၊ (ဖ) ဦးလှစိန်တို့မှ
နွားထီး(၁၆)ကောင်၊ တန်ဖိုး ၁၇၃၉၀၀၀၀ိ/- အား မြို့နယ်ကျော် ခွင့်ပြုချက်မပါဘဲ သယ်ဆောင်လာသည်ကို
စစ်ဆေးတွေ့ရှိရ၍ သန့်ဇင်စိုးပါ(၈)ဦးအား ဆင်ပေါင်ဝဲမြို့နယ်၊
ကိုးပင်နယ်မြေရဲစခန်း (ပ) ၅၂/၂၀၁၈၊ အရေးကြီးကုန်စည် နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ
၅ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment